Song of Solomon 4:1
သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ ၏။ ဆ့ပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာ သော ဆိတ်စုကဲ့သို့ဖြစ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 32:1ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
Psalms 45:11သို့ပြုလျှင် သင်လှသောအဆင်းကို ရှင်ဘုရင် သည် နှစ်လိုစုံမက်တော်မူမည်။ သူသည် သင်၏အရှင် ဖြစ်သောကြောင့် သူ့ကိုကိုးကွယ်လော့။
Song of Solomon 2:10ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
Song of Solomon 4:9ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။
Song of Solomon 6:5သင်၏မျက်စိတို့ကို ငါမှလွှဲပါ။ သူတို့သည် ငါ့ကို အောင်ပြီ။ သင်၏ဆံပင်သည်လည်း၊ ဂိလဒ်တော်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
Song of Solomon 7:5သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။