Song of Solomon 4:3
နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 32:10ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲ တောင်ဝေးနှင့်သာ ကူးပါ၏။ ယခုမူကား၊ အပေါင်း အသင်းနှစ်စုဖြစ်ပါ၏။
Leviticus 14:6အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသော ရေ၌နှစ်ပြီးလျှင်၊-
Numbers 4:8ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။
Joshua 2:18ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။
Psalms 37:30ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကို မြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ်၏။
Psalms 119:13စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။