Song of Solomon 6:11
ချိုင့်ထဲမှာ သစ်သီးများကိုကြည့်ရှု၍၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း သိခြင်းငှါ၊ ငါပြုစုသော ဥယျာဉ်သို့ ငါဆင်းသွား၏။
1835 Judson Burmese Bible
In The King James Version
In Context
12သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။
Cross References
Genesis 2:9ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။
Song of Solomon 4:12ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
Song of Solomon 6:2ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
Song of Solomon 7:13အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့ တံခါးနားမှာ ချိုသောအသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ၏။
Mark 11:13အရွက်နှင့်ပြည့်စုံသော သင်္ဘောသဖန်းပင်ကိုအဝေးကမြင်လျှင်။ သင်္ဘောသဖန်းသီးဆွတ်ချိန်ကာလ မ ရောက်သေးသောကြောင့်၊ ထိုအပင်၌ အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟု ကြွသွား၍ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊
John 15:16သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။