တိတုဩဝါဒစာ 1:4
ဆက်ဆံ သောယုံကြည် ခြင်းအားဖြင့် ငါ့သား စစ် ဖြစ်သော တိတု ကိုကြားလိုက်ပါ၏။ ငါ တို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှု ခရစ် နှင့် ခမည်းတော် ဘုရားသခင့် အထံ တော်က ကျေးဇူး ၊ ကရုဏာ၊ ငြိမ်သက် ခြင်းရှိပါစေသော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Luke 2:11ယနေ့ တွင် ဒါဝိဒ် မြို့ ၌ သခင် ခရစ်တော် တည်းဟူသောကယ်တင် သောအရှင်သည် သင် တို့အဘို့ အလိုငှာဘွားမြင် ခြင်းကိုခံတော်မူပြီ။
Romans 1:7သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ သခင်ယေရှု ခရစ် ၏ နာမတော်ကို အမှီပြု ၍ လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် စေခြင်းငှာ ။ ထိုသခင်ထံ၌ကျေးဇူး တော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရ ကြပြီ။ ထိုသခင်ခေါ် ထားတော်မူသောသင် တို့သည်လည်း ထိုလူမျိုး တို့၌ အပါအဝင်ဖြစ် ကြ၏။
2 Corinthians 2:13ငါ့ ညီ တိတု ကို ငါ မ တွေ့ သောကြောင့် စိတ် မ သက်သာ သဖြင့် ၊ ထိုသူ တို့ကိုအခွင့်ပန် ပြီးမှမာကေဒေါနိ ပြည်သို့ ထွက်သွား လေ၏။
2 Corinthians 7:6သို့သော်လည်း နှိမ့်ချ လျက်ရှိသော သူတို့ ကို သက်သာ စေတော်မူတတ်သော ဘုရားသခင် သည်၊ တိတု ရောက်လာ သောအားဖြင့် ငါ တို့ကို သက်သာ စေတော်မူ၏။
2 Corinthians 8:6ထိုကြောင့် တိတု သည်သင် တို့၌ အဦး ပြုနှင့်သကဲ့သို့ ထို အလှူ ကျေးဇူးကို ပြီးစီး စေမည်အကြောင်း ၊ ငါ တို့သည်သူ့ကိုတောင်းပန် ကြ၏။
2 Corinthians 8:23တိတု သည်အဘယ်သို့သောသူနည်းဟု တစ်စုံတစ်ယောက်မေးလျှင်ငါ ၏အပေါင်းအဘော် ဖြစ်၏။ သင် တို့ အမှုကိုငါနှင့်အတူဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကို တို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော် များ၏ တမန် ဖြစ်ကြ၏။ ခရစ်တော် ၏ဘုန်း အသရေလည်း ဖြစ်ကြ၏။