တိတုဩဝါဒစာ 2:3
ထိုနည်းတူ ၊ အသက် ကြီးရင့်သောမိန်းမတို့သည် ကျင့်ကြံ ပြုမူရာမှာ ဓမ္မ အမှုနှင့်ထိုက်တန်သောသူ၊ မ ချောစား တတ်သောသူ၊ စပျစ်ရည် ၌ မ လွန်ကြူးတတ်သောသူ၊ ကောင်း သောအတတ်ကို သင်ပေးတတ်သောသူ ကိုယ်တိုင်ဖြစ်၍
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ephesians 5:3မတရား သော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုး သော ကိလေသာညစ်ညူး ခြင်း၊ လောဘ လွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်း သူတို့သည် ရှောင် သင့်သည်အတိုင်း ၊ စကား ဖြင့်မျှ မ ဆက်ဆံကြနှင့်။
1 Timothy 3:8ထိုနည်းတူ ၊ သင်းထောက် တို့သည် တည်ကြည် သောသူ ဖြစ်ရကြမည်။ လျှာ နှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည် ကိုသောက်ကြူးသောသူ၊ မ စင်ကြယ်သော စီးပွားကို တပ်မက်သောသူ မ ဖြစ်ရကြ။
1 Timothy 5:5မုတ်ဆိုးမ အမှန် ဖြစ်၍တစ်ယောက်တည်း ကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ ညဉ့် မပြတ်တည်နေ တတ်၏။
Titus 1:7အကြောင်းမူကား ၊ သင်းအုပ် သည် ဘုရားသခင် ၏ ဘဏ္ဍာစိုး ကဲ့သို့ ၊ အပြစ်တင် ခွင့်နှင့် ကင်းလွတ်သော သူဖြစ် ရမည်။ ကိုယ် အလိုသို့ လိုက်တတ်သောသူ၊ စိတ်တို သောသူ၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူ၊ သူတစ်ပါး ကို ရိုက်ပုတ်သောသူ၊ မ စင်ကြယ်သောစီးပွားကို တပ်မက်သောသူ မ ဖြစ် ရဘဲ
Hebrews 5:12သင်တို့သည် ကာလ ကြာသောကြောင့် ဆရာ အဖြစ် သို့ ရောက် သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌တဖန် သင် ရသော အကြောင်း ရှိ သည် ဖြစ်၍၊ ကြေခဲ သောအစာ ကို မ သုံးဆောင်၊ နို့ ကိုသာ သုံးဆောင် ရသောသူဖြစ် ကြ၏
Revelation 2:20သို့သော်လည်း ၊ ငါ ၏အစေခံ ကျွန်တို့သည် မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စား စေခြင်းငှာ၎င်း၊ ပရောဖက်မ ဟူ၍ကိုယ် ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလ သည် သွန်သင် ၍ မှားယွင်း စေရသောအခွင့်ကို သင်သည်ပေး သောကြောင့်၊ သင် ၌ အပြစ်တင်စရာ ရှိ ၏။