တိတုဩဝါဒစာ 3:15
ငါ့ထံမှာရှိသောသူအပေါင်းတို့သည်သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွငါတို့ကို ချစ်သော သူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။အာမင်။ တိတူဩဝါဒစာပြီး၏။
1835 Judson Burmese Bible
In The King James Version
All that are with me salute thee. Greet them that love us in the faith. Grace be with you all. Amen.
In Context
Cross References
Romans 16:1ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့ နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။
Galatians 5:6ယေရှုခရစ်တော်၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။
Colossians 4:18ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင်။ ကောလောသဲဩဝါဒစာပြီး၏။
1 Timothy 1:5ထိုသို့ပညတ်ထားခြင်း၏အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သောယုံကြည်ခြင်းနှင့်၎င်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း။
Philemon 1:5ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ၏။
2 John 1:1အသက်ကြီးသူသည် မြတ်သောသခင်မကို၎င်း၊ သားသမီးတို့ကို၎င်းကြားလိုက်ပါ၏။ ငါတို့၌တည်၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့်၊