တိတုဩဝါဒစာ 3:9
မိုက်မဲ သောပုစ္ဆာ အမေးတို့ကို၎င်း ၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကို၎င်း၊ ပညတ် တရားကြောင့် ရန်တွေ့ ခြင်း၊ တိုက်လှန် ခြင်းတို့ကို၎င်း ရှောင် လော့။ အကြောင်းမူကား ၊ ထိုအရာတို့သည် အကျိုး မရှိ၊ အချည်းနှီး သက်သက်ဖြစ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
10သင်းခွဲ သောသူ ကို နှစ် ကြိမ်မြောက်အောင်ဆုံးမ ပြီးမှ ပယ်ရှား နှင်ထုတ်လော့။
Cross References
Job 15:3အကျိုးမဲ့သောစကား ၊ ကျေးဇူး မ ပြုနိုင်သော စကား နှင့် ဆွေးနွေး သင့်သလော။
1 Corinthians 13:2ပရောဖက် ဉာဏ်ကို ငါရ ၍ ၊ နက်နဲ သောအရာရှိသမျှ တို့နှင့် သိပ္ပံ အတတ်အမျိုးမျိုး ကို တတ် သော်၎င်း၊ တောင် များကိုရွှေ့ နိုင်သော ယုံကြည် ခြင်းအမျိုးမျိုး နှင့် ပြည့်စုံ သော်၎င်း၊ မေတ္တာ မ ရှိ လျှင် အချည်းနှီး သက်သက်ဖြစ် ၏။
1 Timothy 4:7မိန်းမ အိုပြော တတ်သော တရားမဲ့ ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရား ဝတ်၌ မွေ့လျော်ခြင်း အားဖြင့်ကိုယ်ကိုကိုယ် ဆုံးမ လော့။
2 Timothy 2:16တရားမဲ့ ဖြစ်သော အချည်းနှီး စကားကို ရှောင် လော့။ အကြောင်းမူကား ၊ ထိုစကားသည် မတရား သော အမှုတို့ကို ပွားများ စေလိမ့်မည်။
Titus 1:14အမှု မ ထားဘဲ ယုံကြည် ခြင်းအမှု၌ စင်ကြယ် စေခြင်းငှာ ၊ သူတို့ကို ကျပ်တည်း စွာ ဆုံးမ ပြစ်တင်လော့။