ဇာခရိအနာဂတ္တိကျမ်း 1:3
သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည် မှာ၊ ငါ့ ထံသို့ ပြန် ၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ငါသည်လည်း သင် တို့ရှိရာသို့ ပြန် လာမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2ထာဝရဘုရား သည် သင် တို့ဘိုးဘေး များကို အလွန်အမျက် ထွက်တော်မူပြီ။
Read all of ဇာခရိအနာဂတ္တိကျမ်း 1
Cross References
Deuteronomy 30:2သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် နှင့် သားသမီး တို့သည် စကား တော်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင် လျှင်၊
2 Chronicles 15:2အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။
2 Chronicles 30:6ရှင်ဘုရင် နှင့် မှူးမတ် တို့ပေးလိုက်သောစာ ကို စာပို့ လုလင်တို့သည် ယူ၍၊ အမိန့် တော်အတိုင်း ဣသရေလ ပြည်နှင့် ယုဒ ပြည်တရှောက်လုံးသို့ ပြေးကြ၏။ စာ၌ ပါသောစကားဟူမူကား၊ အိုဣသရေလအမျိုးသားတို့၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ်တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ပြန်လာ ကြလော့။ အာရှုရိ ရှင် ဘုရင်တို့လက် မှ လွတ် ၍ ၊ ကျန်ကြွင်းသေးသောသူတို့ ရှိရာသို့ ပြန် လာတော်မူမည်။
Isaiah 31:6အိုဣသရေလ အမျိုးသား တို့၊ သင်တို့သည် အလွန် လွှဲ ရှောင်ပယ်ထားသော ဘုရား ထံ တော်သို့ ပြန် လာ ကြလော့။
Jeremiah 3:12သင် သည် သွား ၍ မြောက် မျက်နှာ သို့ ဟစ်ကြော် ရမည် စကား ဟူမူကား၊ အိုဖောက်ပြန် သော ဣသရေလ ၊ ပြန် လာပါဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် ၌ ငါ သည် မျက်မုန်းကြိုး ခြင်းကိုမ ပြု၊ ကရုဏာ စိတ်သဘောရှိ၏။ အစဉ် အမျက် ထွက်တတ်သည်မ ဟုတ်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Jeremiah 4:1အို ဣသရေလ အမျိုး၊ သင်သည် ပြန် လာလိုလျှင် ငါ့ ထံသို့ ပြန် လာပါ။ သင် ၏ရွံရှာဘွယ် တို့ကို ပယ် လိုလျှင် ငါ့ ထံမှ မ ရွှေ့ ရ။