ဇာခရိအနာဂတ္တိကျမ်း 10:2
တေရပ်ရုပ်တု တို့သည် အနတ္တ စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မ မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု ကဲ့သို့ လည် သွား၍ သိုးထိန်း မ ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 10
Cross References
Genesis 31:19လာဗန် သည် သိုးမွေး ကို ညှပ်ခြင်းငှါ ၊ အခြား တပါးသို့ သွား ခိုက် တွင်၊ ရာခေလ သည်၊ သူ ၏တေရပ် ရုပ်တု တို့ကို ခိုး ယူလေ၏။
Deuteronomy 13:2သင်တို့မ သိ သော အခြား တပါးသောဘုရား ကို ဆည်းကပ် ၍ ဝတ်ပြု ကြစို့ဟု ပြော ဆိုလျက် ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုကို ပေး ၍ ၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုသည် ပြည့်စုံသော်လည်း၊
1 Kings 22:17မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိ သော သိုး ကဲ့သို့ ၊ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
Job 21:34သို့ဖြစ်၍ သင် တို့ပြန် ပြောသော စကား၌ မုသာ ပါသောကြောင့်၊ အဘယ်သို့ ငါ့ ကို အချည်းနှီး နှစ်သိမ့် စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
Isaiah 44:9ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
Isaiah 46:5သင်တို့သည် ငါ့ ကို အဘယ် သူနှင့် ပုံပြ ကြမည် နည်း။ အဘယ်သူနှင့် တူ စေကြမည်နည်း။ တူ အောင် အဘယ်သူနှင့် ခိုင်းနှိုင်း ကြမည်နည်း။