The Bible Software
bible.software › ဇာခရိအနာဂတ္တိကျမ်း › ဇာခရိအနာဂတ္တိကျမ်း 10 › ဇာခရိအနာဂတ္တိကျမ်း 10:6

ဇာခရိအနာဂတ္တိကျမ်း 10:6

ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ဘုရား သခင်ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင် မည်။

1835 Judson Burmese Bible

In The King James Version

And I will strengthen the house of Judah, and I will save the house of Joseph, and I will bring them again to place them; for I have mercy upon them: and they shall be as though I had not cast them off: for I am the LORD their God, and will hear them.

In Context

5သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။

7ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။

Read all of ဇာခရိအနာဂတ္တိကျမ်း 10

Cross References

Psalms 89:21သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။

Isaiah 41:10မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့ စေမည်။ သင့်ကို စောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်။

Isaiah 49:17သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည်။

Jeremiah 23:6ထိုမင်းလက်ထက်၌ ယုဒပြည်သည် ကယ်တင် ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာ နေရ လိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။

Jeremiah 30:20အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ် တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။

Jeremiah 31:20ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇာခရိအနာဂတ္တိကျမ်း 10:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇာခရိအနာဂတ္တိကျမ်း 10:5ဇာခရိအနာဂတ္တိကျမ်း 10ဇာခရိအနာဂတ္တိကျမ်း 10:7 →