ဇာခရိအနာဂတ္တိကျမ်း 12:4
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှါ၎င်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှါ၎င်း ငါ သည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါး အမျိုးသားတို့၌ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေ ခြင်းငှါ ဒဏ်ခတ်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 12
Cross References
Deuteronomy 28:28ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊
2 Kings 6:14ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။
2 Chronicles 6:20ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။
2 Chronicles 7:15ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။
Psalms 76:5ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ။
Isaiah 37:17အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ။