ဇာခရိအနာဂတ္တိကျမ်း 3:7
သင်သည် ငါ့ လမ်း သို့ လိုက် ၍ ငါ့ ပညတ် တရားကို စောင့်ရှောက် လျှင် ၊ ငါ့ အိမ် ကို စီရင် ရသောအခွင့်၊ ငါ့ တန်တိုင်း တို့ကို စောင့် ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ် နေသောသူအချို့တို့ကို၊ သင့် အား လမ်းပြရသောသူဖြစ်မည်အကြောင်းငါခန့်ထား မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 3
Cross References
Genesis 26:5အကြောင်းမူကား ၊ အာဗြဟံ သည် ငါ့ စကား ကို နားထောင် ၍ ၊ ငါ စီရင် မှာထားသော ပညတ် တရား အမျိုးမျိုးတို့ကို စောင့်ရှောက် သတည်းဟုမိန့်တော်မူ၏။
Leviticus 10:3ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။
1 Samuel 2:28ငါ ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ခြင်း၊ နံ့သာပေါင်း ကို မီး ရှို့ခြင်း၊ ငါ့ ရှေ့ မှာ သင်တိုင်း ကို ဝတ် ခြင်း အမှုကို စောင့်ရသောငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ ၊ သူ့ ကို ဣသရေလ အမျိုး အပေါင်း တို့ အထဲက ငါရွေးကောက် သည် မဟုတ်လော။ ဣသရေလ အမျိုးသား တို့သည် မီး ဖြင့်ပြုသောပူဇော်သက္ကာ ရှိသမျှ တို့ကို၊ သင့် အဘ ၏ အမျိုး အား ငါပေး သည်မဟုတ်လော။
1 Chronicles 23:32ပရိသတ်စည်းဝေး ရာတဲ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရား အိမ် တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကို အာရုန် သား တို့ကို၎င်း စောင့် ရကြမည်။
Ezekiel 44:8ငါ ၏သန့်ရှင်း ရာဌာနကို မ စောင့် ။ ထိုဌာန၌ စောင့် သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထား ကြပြီ။
Ezekiel 48:11ဣသရေလ အမျိုးသား တို့သည် လမ်းလွှဲ သောအခါ လေဝိ လူကဲ့သို့ လမ်း မ လွှဲ။ ငါ့ အမှု ကို အစဉ်ဆောင် ၍ သန့်ရှင်း သော ဇာဒုတ် သား ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။