ဇာခရိအနာဂတ္တိကျမ်း 6:3
တတိယ ရထား ၌ မြင်း ဖြူ ၊ စတုတ္ထ ရထား ၌ ခွန်အား ကြီးသော မြင်း ကျားတို့သည် ကလျက်ရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
And in the third chariot white horses; and in the fourth chariot grisled and bay horses.
In Context
2ပဌမ ရထား ၌ မြင်း နီ ၊ ဒုတိယ ရထား ၌ မြင်း နက် ၊
4အကျွန်ုပ် သခင် ၊ ထို ရထားတို့ကား အဘယ် သို့နည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
Read all of ဇာခရိအနာဂတ္တိကျမ်း 6
Cross References
Daniel 2:33ဝမ်း နှင့် ပေါင် နှစ်ဘက်သည် ကြေးဝါ ဖြစ်၏။ ခြေသလုံး နှစ်ဘက်သည် သံ ဖြစ်၏။ ခြေဘဝါး နှင့် ဖမိုး သည် သံ တပိုင်းသရွတ်တပိုင်းဖြစ်၏။
Zechariah 1:8ညဉ့် အခါမြင် ရသောရူပါရုံဟူမူကား ၊ မြင်း နီ ကို စီး သော လူ တဦးသည် ထင်ရှား ၍ ချိုင့် တွင် ရှိသောမုရတု တော၌ ရပ် ၏။ သူ့ နောက် မှာနီ သောမြင်း ၊ ညို သော မြင်း၊ ဖြူ သောမြင်းတို့သည် ရှိကြ၏။
Revelation 6:2ထိုအခါ ငါကြည့် လျှင် ၊ မြင်း ဖြူ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် လေး ကိုကိုင် ၏။ သူ ၌သရဖူ ကို ပေး တော်မူ၏။ အောင်မြင် လျက်၎င်း ၊ အောင်မြင် ခြင်းငှာ ၎င်း ထွက်သွား ၏။
Revelation 19:11ထိုအခါ ကောင်းကင် ဘုံဖွင့်လှစ် လျက်ရှိသည်ကို ငါမြင် လျှင်၊ မြင်း ဖြူ ရှိ ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသောအမည်၊ သမ္မာ ဟူသော အမည် ရှိသတည်း။ ထိုသူ သည် တရား သဖြင့်စီရင် တတ်၏။ တရားသဖြင့် စစ်တိုက် တတ်၏။