The Bible Software
bible.software › ဇာခရိအနာဂတ္တိကျမ်း › ဇာခရိအနာဂတ္တိကျမ်း 7 › ဇာခရိအနာဂတ္တိကျမ်း 7:5

ဇာခရိအနာဂတ္တိကျမ်း 7:5

ယဇ်ပုရောဟိတ်တို့နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ် ပတ်လုံး သင်တို့သည် ပဉ္စမလနှင့် သတ္တမလတွင် အစာ ရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။

1835 Judson Burmese Bible

In The King James Version

Speak unto all the people of the land, and to the priests, saying, When ye fasted and mourned in the fifth and seventh month, even those seventy years, did ye at all fast unto me, even to me?

In Context

4ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဇာခရိသို့ ရောက်လာ၍၊

6စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။

Read all of ဇာခရိအနာဂတ္တိကျမ်း 7

Cross References

2 Kings 25:25သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင် လုပ်ကြံ လေ၏။

Isaiah 58:3အကျွန်ုပ်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်မြင် တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သော အခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူ သနည်းဟုဆိုသော်၊ သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင်ပျော်မွေ့၍၊ ကျွန်တို့ကိုပင်ပန်းစွာ လုပ်စေကြ၏။

Jeremiah 25:11ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။

Zechariah 1:12တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော် သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ် လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော်၊

Zechariah 7:6စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။

Matthew 5:16ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇာခရိအနာဂတ္တိကျမ်း 7:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇာခရိအနာဂတ္တိကျမ်း 7:4ဇာခရိအနာဂတ္တိကျမ်း 7ဇာခရိအနာဂတ္တိကျမ်း 7:6 →