ဇာခရိအနာဂတ္တိကျမ်း 8:13
အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 8
Cross References
Genesis 12:2ငါသည် သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။ ငါ ကောင်းကြီး ပေး၍ သင် ၏နာမ ကို ကြီးမြတ် စေမည်။ သင် သည် ကောင်းကြီး ခံရသောသူဖြစ် လိမ့်မည်။
Deuteronomy 26:19ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။
Deuteronomy 29:23အနာရောဂါ ဘေးဥပဒ် တို့ကို၎င်း၊ ထာဝရဘုရား သည်ဒေါသ အမျက် တော်ထွက်၍ မှောက်လှန် တော်မူသော သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့၊ ဇေဘိုင် မြို့တို့ပြိုပျက် ရာကဲ့သို့ ၊ တပြည်လုံး ကိုကန့် နှင့် မီးကျွမ်းလောင် သောဆား သက်သက်ဖြစ်၍၊ မျိုးစေ့မ ကြဲ ၊ အသီးအနှံမ သီး ၊ မြက်ပင် မ ပေါက် ကြောင်းကို၎င်း၊ သင် တို့နောက်မှာ ဖြစ်လတံ့ သော သင် တို့အမျိုးသား ၊ ဝေး သောအရပ် မှ လာ သော တပါးအမျိုးသား တို့သည်မြင် ကြသောအခါ၊
1 Kings 9:7ဣသရေလ အမျိုးကို ငါပေး သော ပြည် မှ ငါပယ်ဖြတ် မည်။ ငါ့ နာမ ဘို့ ငါသန့်ရှင်း စေသော ဤအိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ ဣသရေလ အမျိုးသည် လည်း တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာ ကဲ့ရဲ့ ရာဖြစ် ရ လိမ့်မည်။
2 Chronicles 7:20ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။
Psalms 44:16ရန်ဘက် ပြုသောသူနှင့် လက်စားချေ သောသူ၏ မျက်နှာကြောင့်၎င်း၊ အကျွန်ုပ် သည် ကိုယ် အရှက် ကွဲခြင်းအကြောင်းကို အစဉ် မျက်မှောက် ပြုရပါ၏။ မျက်နှာ ရှက် ခြင်းအားဖြင့် မွန်း လျက်နေရပါ၏။