ဇေဖနိအနာဂတ္တိကျမ်း 1:17
သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
16ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။
Read all of ဇေဖနိအနာဂတ္တိကျမ်း 1
Cross References
Deuteronomy 28:29မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်း သပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ် ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင် ရ။
Psalms 79:2ကိုယ်တော်၏ ကျွန်အသေကောင်တို့ကို မိုဃ်း ကောင်းကင်ငှက်တို့အား၎င်း၊ ကိုယ်တော်၏ သန့်ရှင်းသူတို့ အသားကို တောသားရဲတို့အား၎င်း ကျွေးကြပါပြီ၊
Psalms 83:10ထိုသူတို့သည် အင်္ဒေါရအရပ်၌ ဆုံးရှုံး၍၊ မြေ ပေါ်မှာ နောက်ချေးကဲ့သို့ ဖြစ်ကြပါ၏။
Isaiah 29:10အကြောင်းမူကား၊ ထာဝရဘုရားသည် အိပ်ချင် သောသဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကို ပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူ များတို့ကို ဖုံးလွှမ်းတော်မူပြီ။
Isaiah 59:9ထို့ကြောင့်၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။
Jeremiah 2:17သင့်ကိုပို့ဆောင်တော်မူသော သင်၏ဘုရား သခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့်၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော။