The Bible Software
bible.software › ဇေဖနိအနာဂတ္တိကျမ်း › ဇေဖနိအနာဂတ္တိကျမ်း 2 › ဇေဖနိအနာဂတ္တိကျမ်း 2:3

ဇေဖနိအနာဂတ္တိကျမ်း 2:3

တရားတော်အတိုင်း ကျင့်၍ စိတ်နှိမ့်ချသော ပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကို ရှာကြ လော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည်။

1835 Judson Burmese Bible

In The King James Version

Seek ye the LORD, all ye meek of the earth, which have wrought his judgment; seek righteousness, seek meekness: it may be ye shall be hid in the day of the LORD’S anger.

In Context

2အမိန့်တော်အတိုင်း မစီရင်၊ သင်တို့ အချိန်သည် ဖွဲကဲ့သို့မလွန်၊ ထာဝရဘုရား၏ပြင်းစွာသော အမျက် တော်သည် သင်တို့အပေါ်သို့မရောက်၊ ထာဝရဘုရား၏ အမျက်တော်နေ့သည် သင်တို့အပေါ်သို့ မရောက်မီ ကိုယ် ကို စစ်ကြောကြလော့။

4အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှ ကေလုန်မြို့သည် သုတ်သင်ပယ်ရှင်းရာ ဖြစ်လိမ့်မည်။ အာဇုတ်မြို့သားတို့ကို မွန်းတည့်အချိန်၌ နှင်ထုတ်၍၊ ဧကြုန်မြို့ကိုလည်း ဖြိုဖျက်ကြလိမ့်မည်။

Read all of ဇေဖနိအနာဂတ္တိကျမ်း 2

Cross References

Genesis 7:15အသက်ရှင်သော တိရစ္ဆာန်အမျိုးအမျိုး အပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့် အတူ သင်္ဘောထဲသို့ ဝင်ကြလေ၏။

2 Samuel 12:22ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။

Psalms 22:26နှိမ့်ချလျက်ရှိသော သူတို့သည် ဝစွာစားရကြ လိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအား ဖြည့်ရလိမ့်မည်။

Psalms 31:20လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။

Psalms 57:1အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော် အရိပ်၌ ခိုလှုံပါ၏။

Psalms 91:1အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇေဖနိအနာဂတ္တိကျမ်း 2:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇေဖနိအနာဂတ္တိကျမ်း 2:2ဇေဖနိအနာဂတ္တိကျမ်း 2ဇေဖနိအနာဂတ္တိကျမ်း 2:4 →