The Bible Software
bible.software › ဇေဖနိအနာဂတ္တိကျမ်း › ဇေဖနိအနာဂတ္တိကျမ်း 3 › ဇေဖနိအနာဂတ္တိကျမ်း 3:12

ဇေဖနိအနာဂတ္တိကျမ်း 3:12

နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမ တော်ကို ခိုလှုံကြလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

I will also leave in the midst of thee an afflicted and poor people, and they shall trust in the name of the LORD.

In Context

11ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကို အမှီပြု၍ နောက်တဖန်မာနမထောင်လွှားရ။

13ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြ လိမ့်မည်။

Read all of ဇေဖနိအနာဂတ္တိကျမ်း 3

Cross References

Ezra 9:8ယခုခဏတွင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အကျွန်ုပ်တို့ကို ဘေးမဲ့လွှတ်၍ ကျန် ကြွင်းစေလျက်၊ သန့်ရှင်းသော ဌာနတော်၌ စွဲထားသော တံစို့ကို ပေးတော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ အကျွန်ုပ်တို့ဘုရားသခင်သည် အကျွန်ုပ်တို့ မျက်စိကို လင်းစေ၍၊ အကျွန်ုပ်တို့ ကျွန်ခံနေရာ၌ အသက်ရှုပြန်ရ သော အခွင့်ကို ပေးတော်မူပြီ။

Isaiah 6:13ထိုပြည်၌ ဆယ်ဘို့တွင်တဘို့ ကြွင်းသေးသော် လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကိုခံရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသော အနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။

Isaiah 29:19စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွါးကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလအမျိုး၏ သန့်ရှင်း သောဘုရားကို အမှီပြု၍ ရွှင်လန်းကြလိမ့်မည်။

Isaiah 61:1ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ် မှာ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကို စည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊

Jeremiah 50:20ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

Micah 5:6ထားလက်နက်ဖြင့် အာရှုရိပြည်ကို၎င်း၊ မြို့ တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကို၎င်း သုတ်သင်ပယ် ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့ လာ၍၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇေဖနိအနာဂတ္တိကျမ်း 3:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇေဖနိအနာဂတ္တိကျမ်း 3:11ဇေဖနိအနာဂတ္တိကျမ်း 3ဇေဖနိအနာဂတ္တိကျမ်း 3:13 →