The Bible Software
bible.software › ဇေဖနိအနာဂတ္တိကျမ်း › ဇေဖနိအနာဂတ္တိကျမ်း 3 › ဇေဖနိအနာဂတ္တိကျမ်း 3:19

ဇေဖနိအနာဂတ္တိကျမ်း 3:19

သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည်။ နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ် ခြင်းကိုခံရသောသူကို သင်းဖွဲ့စေမည်။ အရှက်ကွဲခြင်းကို ခံရရာပြည်အရပ်ရပ်တို့၌ ချီးမွမ်းခြင်းဂုဏ်အသရေကို ပေးမည်။

1835 Judson Burmese Bible

In The King James Version

Behold, at that time I will undo all that afflict thee: and I will save her that halteth, and gather her that was driven out; and I will get them praise and fame in every land where they have been put to shame.

In Context

18ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည်။

20ထိုကာလ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင် တို့မျက်မှောက်၌ တဖန် ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အား ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ ပရောဖက်ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။

Read all of ဇေဖနိအနာဂတ္တိကျမ်း 3

Cross References

Deuteronomy 26:19ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ၍၊ ၎င်းဂတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ၎င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ၏။

Isaiah 25:9ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။

Isaiah 33:1သူတပါး လုယူခြင်းကို မခံဘဲလျက်၊ လုယူတတ် သောသူ၊ သူတပါးဖျက်ဆီးခြင်းကို မခံဘဲလျက်၊ ဖျက်ဆီး တတ်သောသူ၊ သင်သည်အမင်္ဂလာရှိ၏။ သင်သည် မလု မယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ရောက်လိမ့်မည်။

Isaiah 41:12သင်နှင့် ဆန့်ကျင်ဘက်ပြုသော သူတို့ကို သင် သည် ရှာ၍ မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တသက်သက်ကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။

Isaiah 49:25ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည်။ ကြောက်မက်ဘွယ်သောသူ လုယူရာဥစ္စာကို နှုတ်ရလိမ့် မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သော သူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။

Isaiah 60:14သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဇေဖနိအနာဂတ္တိကျမ်း 3:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဇေဖနိအနာဂတ္တိကျမ်း 3:18ဇေဖနိအနာဂတ္တိကျမ်း 3ဇေဖနိအနာဂတ္တိကျမ်း 3:20 →