ဇေဖနိအနာဂတ္တိကျမ်း 3:4
ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာ ပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 3
Cross References
1 Samuel 2:22ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှ ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎င်း ကြားသိလျှင်၊
Isaiah 56:10သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
Jeremiah 6:13အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။
Jeremiah 14:13ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ပရောဖက် တို့က၊ သင်တို့သည် ထားဘေးကို မတွေ့ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသော ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့ အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
Jeremiah 23:10အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။
Jeremiah 23:25ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။