ဇေဖနိအနာဂတ္တိကျမ်း 3:9
အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 3
Cross References
Genesis 11:1မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊
Psalms 22:27မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍၊ ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ် ပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်။
Psalms 113:3နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏။
Isaiah 19:18ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်။
Ezekiel 37:17ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေ ခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။
Zephaniah 2:11ထာဝရဘုရားသည် သူတို့တဘက်၌ ကြောက် မက်ဘွယ်ဖြစ်၍၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထား တော်မူလိမ့်မည်။ တပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့ သည် အသီးအသီး မိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။