ကောရိန္တုဩဝါဒစာပထမစောင် 3:12
ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊
1835 Judson Burmese Bible
In The King James Version
Now if any man build upon this foundation gold, silver, precious stones, wood, hay, stubble;
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 3
Cross References
Psalms 19:10ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။
Proverbs 8:10ငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။
Proverbs 30:6စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
Isaiah 60:17ကြေးဝါအရာ၌ ရွှေကို၎င်း၊ သံအရာ၌ ငွေကို ၎င်း၊ သစ်သားအရာ၌ ကြေးဝါကို၎င်း၊ ကျောက်အရာ၌ သံကို၎င်း ငါဆောင်ခဲ့မည်။ သင်၏ အရာရှိတီု့ကို ငြိမ် သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည်။
Matthew 15:6ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။
Romans 16:17ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့်ဆန့်ကျင်ဘက်ဖြစ်သောသင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ဟု ငါသတိပေး၏။