The Bible Software
bible.software › သက်သာလောနိတ်ဩဝါဒစာပထမစောင် › သက်သာလောနိတ်ဩဝါဒစာပထမစောင် 4 › သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:16

သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:16

သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

For the Lord himself shall descend from heaven with a shout, with the voice of the archangel, and with the trump of God: and the dead in Christ shall rise first:

In Context

15သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသော အခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ်။

17ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 4

Cross References

Exodus 19:16သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည် တုန်လှုပ်ကြ၏။

Numbers 23:21ယာကုပ်အမျိုးကို ညှဉ်းဆဲသောအမှု၊ ဣသ ရေလအမျိုးတဘက်၌ ပြုသော နှောင့်ရှက်ခြင်းအမှုကို ဘုရားသခင်သည် ကြည့်ရှု၍ နေတော်မမူ။ သူတို့ ဘုရား သခင် ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင်ကြွေးကြော်ခြင်းအသံကို သူတို့တွင် ကြားရ၏။

Psalms 47:5ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။

Isaiah 27:13ထိုကာလ၌လည်း၊ ကြီးသောတံပိုးကို မှုတ်ရလိမ့် မည်။ အာရှုရိပြည်၌ပျောက်သောသူ၊ အဲဂုတ္တုပြည်၌ စွန့် ပစ်သောသူတို့သည်လာ၍၊ယေရုရှလင်မြို့တွင်၊သန့်ရှင်းသော တောင်ပေါ်မှာ ထာဝရဘုရားရှေ့တော်၌ ဝတ်ပြု၍ ကိုး ကွယ်ကြလိမ့်မည်။

Zechariah 4:7အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူ များတို့က၊ ကျေးဇူးတော်ရှိပါစေသော။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။

Zechariah 9:14ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ၍၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:16

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:15သက်သာလောနိတ်ဩဝါဒစာပထမစောင် 4သက်သာလောနိတ်ဩဝါဒစာပထမစောင် 4:17 →