တိမောသေဩဝါဒစာဒုတိယစောင် 4:22
သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော။ သင်၌ကျေးဇူးတော် ရှိစေ သတည်း။ အာမင်။ တိမောသေဩဝါဒစာဒုတိယစောင်ပြီး၏။
1835 Judson Burmese Bible
In The King James Version
The Lord Jesus Christ be with thy spirit. Grace be with you. Amen.
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 4
Cross References
Romans 1:7သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
1 Corinthians 16:23ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။
Galatians 6:18ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။ ဂလာတိဩဝါဒစာပြီး၏။
Colossians 4:18ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင်။ ကောလောသဲဩဝါဒစာပြီး၏။
Philemon 1:25ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။ ဖိလေမုန်ဩဝါဒစာပြီး၏။
Revelation 22:21ဤအရာများကို သက်သေခံသောသူ မိန့်တော် မူ၏ အာမင် ၊ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်း တို့၌ ရှိစေသတည်း ။ ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ရှင်ယောဟန်စီရင် ရေးထားသော ဗျာဒိတ်ကျမ်းပြီး၏။