bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 13 › တမန်တော်ဝတ္ထု 13:42
တမန်တော်ဝတ္ထု 13:42
လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။
1835 Judson Burmese Bible
In The King James Version
And when the Jews were gone out of the synagogue, the Gentiles besought that these words might be preached to them the next sabbath.
In Context
41အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။
43အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။
Read all of တမန်တော်ဝတ္ထု 13
Cross References
Ezekiel 3:6သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။
Matthew 19:30နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။
Acts 13:14ပေရဂမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ် သို့ဝင်၍ထိုင်ကြ၏။
This Verse In Other Editions
Study တမန်တော်ဝတ္ထု 13:42