တမန်တော်ဝတ္ထု 26:13
နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်ချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည်။ အရှင်မင်းကြီး။
1835 Judson Burmese Bible
In The King James Version
In Context
12ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ် တွင်၊
Cross References
Isaiah 24:23လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား၊ ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင် ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ ရှေ့တွင်ဘုန်းကြီးတော်မူလတံ့။
Matthew 17:2သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်း တောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။
Acts 22:6လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။
Revelation 21:23ထိုမြို့သည် နေ၏အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။