Daniel 10:12
ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 16:29သင်တို့သည် အစဉ်စောင့်ရသော ပညတ်တော်ဟူမူကား၊ အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါးအမျိုးသားဖြစ်စေ၊ သတ္တမလ ဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ်၊ ခြိုးခြံစွာ ကျင့်လျက်နေရကြမည်။
Numbers 29:7၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြု၍ ခြိုးခြံစွာ ကျင့်ရမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။
Isaiah 35:4အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။
Isaiah 41:14အိုတီကောင်ယာကုပ်၊ အမျိုးငယ် ဣသရေလ၊ မစိုးရိမ်နှင့်။ ငါသည် သင့်ကို မစသော သူဖြစ်၏။ သင့်ကို ရွေးနှုတ်သောသူသည်၊ ဣသရေလအမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Isaiah 65:24ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။
Daniel 9:20ထိုသို့ဆုတောင်းပဌနာပြု၍၊ ကိုယ်အပြစ်ကို၎င်း၊ အမျိုးသားချင်း ဣသရေလလူတို့၏ အပြစ်ကို၎င်း ဘော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသော တောင်တော်အဘို့ ငါပြုသော ပဌနာ စကားကို၊ ငါ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဆက်ကပ် လျက်နေ၍၊