Daniel 10:16
ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
1835 Judson Burmese Bible
In The King James Version
In Context
15ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ်၍ စကားမပြောနိုင်ပဲနေ၏။
Cross References
Exodus 4:13မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊
Judges 6:13ဂိဒေါင်က၊ အိုသခင်၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့်၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော်၊
Judges 13:8ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ်၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင်၏ တမန်တော်သည် တဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော်၊
Isaiah 6:7ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏ နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။
Ezekiel 1:26သူတို့၏ခေါင်းများအထက်၊ မိုဃ်းမျက်နှက်ကြက် အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင် ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဍာန် အပေါ်၌လည်း လူပုံသဏ္ဍာန်ကဲ့သို့ ပေါ်၏။
Ezekiel 33:22ထိုသူမရောက်မှီ ညဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော် ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။