Daniel 12:7
ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်းသော သူတို့၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆို သည်ကို ငါကြား၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 26:19ဖန်ဆင်းတော်မူသော လူမျိုးတကာတို့ထက် သင်၏ဂုဏ်အသရေကျော်စော ကိတ္တိကို လွန်ကဲစေတော် မူမည်ဟူ၍၊ ၎င်းဂတိတော်ရှိသည်အတိုင်း၊ သင်၏ဘုရား သခင် ထာဝရဘုရားအဘို့ သန့်ရှင်းသောလူမျိုး ဖြစ်စေ ခြင်းငှာ၎င်း ယနေ့ ဝန်ခံတော်မူပြီဟု ဣသရေလအမျိုး သားတို့အား ဟောပြောလေ၏။
Deuteronomy 32:40ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။
Isaiah 62:12သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနှုတ်တော်မူသော သူဟူ၍၎င်း၊ သင်သည် သူတပါး မစွန့်ပစ်၊ စည်ပင်သော မြို့ဟူ၍၎င်း သမုတ်ခြင်းကို ခံရလိမ့်မည်။
Daniel 4:31ထိုစကားကို မြွက်ဆိုစဉ်ပင်၊ ကောင်းကင်မှ သက်ရောက်သော အသံဟူမူကား၊ အိုနေဗုခဒ်နေဇာ မင်းကြီး၊ နားထောင်လော့။ နိုင်ငံတော်သည် သင့်လက်မှ ရွေ့သွားပြီ။
Daniel 7:21ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊
Daniel 8:14ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။