Daniel 8:14
ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။
1835 Judson Burmese Bible
In The King James Version
And he said unto me, Unto two thousand and three hundred days; then shall the sanctuary be cleansed.
In Context
15ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။
Cross References
Genesis 1:5အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ် တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။
Isaiah 45:25ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရ ဘုရားအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ဝါကြွားကြ လိမ့်မည်။
Daniel 8:26ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ်၍ ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။
Daniel 12:11နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည်။
Galatians 3:8ဘုရားသခင်သည် ယုံကြည်ခြင်းကိုထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူ မည်ဟု ကျမ်းစာသည်မြော်မြင်လျက်၊ အာဗြဟံအား အမိန့်ရှိ၍၊ သင့်အားဖြင့်လူအပေါင်းတို့သည် ကောင်း ကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ဧဝံဂေလိတရားကို ဟောနှင့် လေ၏။
Revelation 11:15သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။