Daniel 12:9
ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။
1835 Judson Burmese Bible
In The King James Version
And he said, Go thy way, Daniel: for the words are closed up and sealed till the time of the end.
In Context
Cross References
Isaiah 8:16ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ၏။
Daniel 8:26ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ်၍ ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။
Revelation 10:4မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော် ၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏။