Daniel 2:46
ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ezra 6:10ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်းစေခြင်းငှါ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား မီးရှို့ရာယဇ် ပူဇော်စရာဘို့နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ် ရည်၊ ဆီတို့ကိုနေ့တိုင်း အစဉ်အပြတ်ပေးစေ။
Acts 10:25ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။
Acts 28:6သူသည်တကိုယ်လုံးရောင်မည်၊ တခဏခြင်း တွင်လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့် သော်လည်း၊ သူ၌မကောင်းသော အပြစ်တစုံတခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကားနတ် ဘုရား ဖြစ်သည်ဟု ဆိုကြ၏။
Revelation 19:10ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ ခြေရင်း၌ ပြပ်ဝပ်၏ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို၏။