The Bible Software
bible.software › Daniel › Daniel 2 › Daniel 2:47

Daniel 2:47

ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရား သခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏ အရှင်၊ နက်နဲသော အရာကိုဖွင့်ပြတော်မူသော သခင်ဖြစ် တော်မူ၏ဟု မိန့်တော်မူ၍၊

1835 Judson Burmese Bible

In The King James Version

The king answered unto Daniel, and said, Of a truth it is, that your God is a God of gods, and a Lord of kings, and a revealer of secrets, seeing thou couldst reveal this secret.

In Context

46ထိုအခါ နေဗုခဒ်နေဇာ မင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှါ၎င်း၊ နံ့သာမျိုးကို မီးရှို့၍ ဆပ်ကပ်ခြင်းငှါ၎င်း စီရင် တော်မူလျက်၊

48ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီး အရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။

Read all of Daniel 2

Cross References

Genesis 41:39ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြုတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူ မရှိ။

Joshua 22:22မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။

Job 12:19ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။

Psalms 72:11ထိုမျှမက ရှင်ဘုရင်အပေါင်းတို့သည် ရှေ့တော်၌ ပြပ်ဝပ်၍၊ ခပ်သိမ်းသော လူမျိုးတို့သည် အမှုတော်ကို ထမ်းကြလိမ့်မည်။

Psalms 96:4ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။

Proverbs 8:15ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 2:47

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 2:46Daniel 2Daniel 2:48 →