Daniel 3:24
ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩ မိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက် တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့က လည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
23ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။
Cross References
Daniel 3:2စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် မင်းကြီးတည်ထားတော်မူသော ရုပ်တုကို သာဓုအနုမောဒနာခေါ်သောပွဲသို့ စုဝေးစေ ခြင်းငှါ အမိန့်တော်ရှိ၍၊
Daniel 3:17အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။
Daniel 4:27သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
Daniel 5:18အရှင်မင်းကြီး၊ အမြင့်ဆုံးသော ဘုရားသခင် သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော် နှင့်တကွ ရွှေဘုန်းတော်မြတ်၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ၏။
Daniel 6:22အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင် တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူ သဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ် မှားပါဟု ပြန်လျှောက်လေ၏။
Acts 9:6သို့သော်လည်းထ၍ မြို့သို့ဝင်လော့။ သင်ပြု ရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။