Daniel 5:18
အရှင်မင်းကြီး၊ အမြင့်ဆုံးသော ဘုရားသခင် သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော် နှင့်တကွ ရွှေဘုန်းတော်မြတ်၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 32:8အမြင့်ဆုံးသော ဘုရားသည် အာဒံ၏အမျိုးအ နွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကို ဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေ အတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
Psalms 7:17ငါမူကား၊ ထာဝရဘုရား၏ တရားသောအမှု တော်ကို ချီးမွမ်း၍၊ အမြင့်ဆုံးသောထာဝရဘုရား၏ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။
Psalms 47:2အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။
Jeremiah 27:7သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
Lamentations 3:38အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။
Daniel 3:17အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။