Daniel 5:19
ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ် ကြောင့်၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လို သော သူတို့ကို သတ်တော်မူ၏။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ၏။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ၏။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
20မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော်မှ ကျ၏။
Cross References
2 Kings 25:28ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။
Ecclesiastes 8:3သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။
Jeremiah 27:5ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။
Daniel 3:4ထိုအခါ သံတော်ဆင့်တယောက်က၊ အသီးသီး အခြားခြားသော ဘာသာစကားကို ပြောသော လူအမျိုး မျိုးတို့၊
Daniel 3:20ခွန်အားကြီးသော စစ်သူရဲတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်၍၊ မီးလောင် လျက်ရှိသော မီးဖိုထဲသို့ ချပစ်စေခြင်းငှါ၎င်း အမိန့်တော် ရှိသည်အတိုင်း၊
Daniel 4:19ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလ တရှာဇာ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက် အနက် ရောက်ပါစေသော။