Daniel 9:21
ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ၍လာသဖြင့် ညဦးယံ ပူဇော်ချိန်၌ ရှိရာသို့ ရောက်၍
1835 Judson Burmese Bible
In The King James Version
In Context
22နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင် ၌ ဉာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ။
Cross References
1 Kings 18:29မွန်းလွှဲ၍ ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊
Ezra 9:4ထိုအခါ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ကြောက်ရွံသောသူအပေါင်း တို့သည်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ်ကြောင့်၊ ငါ့ထံမှာစည်းဝေး၍၊ ညဦးယံ ယဇ်ပူဇော် ချိန်တိုင်အောင် ငါသည် မိန်းမောတွေဝေလျက် နေ၏။
Psalms 104:4မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါး တို့ကို မီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထသော၊
Isaiah 6:6ထိုအခါ ကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊
Ezekiel 1:14သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက်ရှိကြ၏။
Daniel 8:18ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊