Ecclesiastes 7:4
ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။
1835 Judson Burmese Bible
In The King James Version
The heart of the wise is in the house of mourning; but the heart of fools is in the house of mirth.
In Context
5လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
Cross References
1 Samuel 25:36အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော။
2 Samuel 13:28အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန် ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည် အတိုင်း၊
Nehemiah 2:2အထက်ကတခါမျှ ရှေ့တော်၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်း နည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊
Isaiah 53:3မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံး သော သူဖြစ်၏ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ်၏။ သူတပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။
Jeremiah 51:57ဗာဗုလုန်မင်းသား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲ၊ မင်း အရာရှိ၊ ခွန်အားကြီးသော သူတို့ကို ငါယစ်မူးစေသဖြင့်၊ သူတို့သည်နောက်တဖန်မနိုးဘဲ အစဉ်မပြတ် အိပ်ပျော် ကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရား ဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။
Daniel 5:30ထိုညဉ့်၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာ မင်းသည် အသက်ဆုံး၍၊