ထွက်မြောက်ရာကျမ်း 30:34
တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊
1835 Judson Burmese Bible
In The King James Version
In Context
35ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည်။
Read all of ထွက်မြောက်ရာကျမ်း 30
Cross References
Exodus 25:6လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊
Exodus 30:23သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ်၊ မွှေးသောကြံနှစ်ရာငါးဆယ်၊
Leviticus 2:1ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာပြုလိုလျှင်၊ မုန့်ညက်ကို ဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်း ထည့်ပြီးမှ၊
Leviticus 5:11ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သော ကြောင့် ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။
Leviticus 24:7ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာ ဖြစ်စေခြင်း ငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည်။-
1 Chronicles 9:29အချို့တို့သည်လည်း၊ သန့်ရှင်းရာဌာနတော် တန်ဆာများ၊ အသုံးအဆောင်များ၊ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လောဗန်၊ နံ့သာမျိုးများကို ပြုစု ၍စောင့်ရကြ၏။