ထွက်မြောက်ရာကျမ်း 8:26
မောရှေက ထိုသို့မပြုသင့်။ ပြုလျှင်အဲဂုတ္တုလူ တို့၏ ရွံရှာဘွယ်သောအရာကို အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ရပါမည်။ အဲဂုတ္တုလူတို့၏ ရွံရှာဘွယ်သောအရာကို သူတို့မျက်မှောက်၌ ယဇ်ပူဇော် လျှင်၊ သူတို့သည် အကျွန်ုပ်တို့ကိုခဲနှင့်ပစ်ကြပါလိမ့်မည် မဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 8
Cross References
Genesis 43:32ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ၏။
Exodus 3:18သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူ ပြီ။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ တောသို့ သုံးရက်ခရီးသွားရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။
Deuteronomy 7:25သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာ ရှိ၏။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ် ရွံရှာတော်မူ၏။
1 Kings 11:5ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
Ezra 9:1ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့ လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာ ဘွယ်သော အကျင့်ကို ကျင့်ကြပါ၏။
2 Corinthians 6:14မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။