ယေဇကျေလအနာဂတ္တိကျမ်း 13:11
ထိုအုတ်ရိုးသည်ပြိုလဲမည်ဟု အင်္ဂတေနှင့်မွမ်းမံ သောသူတို့အား ပြောလော့။ မိုဃ်းရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည်။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 13
Cross References
Job 27:21အရှေ့လေလွှင့်၍ သူသည်မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။
Psalms 11:6မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
Psalms 32:6ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
Isaiah 28:2ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူ သည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။
Isaiah 28:18သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။
Isaiah 32:19သို့ရာတွင်၊ မိုဃ်းသီးကျသဖြင့် တောအုပ်ကို လှဲ ၍၊ မြို့ကိုလည်း မြေနှင့် တညီတည်း ဖြိုဖျက်လိမ့်မည်။