ယေဇကျေလအနာဂတ္တိကျမ်း 22:14
သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင် သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည်။
1835 Judson Burmese Bible
In The King James Version
In Context
13သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ် ၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 22
Cross References
Job 40:9သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
Isaiah 31:3အဲဂုတ္တုပြည်သားတို့သည် ဘုရားမဖြစ်၊ လူသက် သက် ဖြစ်ကြ၏။ သူတို့မြင်းသည်လည်း ဝိညာဉ်မဖြစ်၊ အသားသက်သက် ဖြစ်၏။ ထာဝရဘုရားသည် လက် တော်ကို ဆန့်တော်မူသောအခါ၊ မစတတ်သောသူသည် လဲလိမ့်မည်။ အလုံးစုံတို့သည် အတူပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
Jeremiah 13:21သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီး။ သားဘွားသော မိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့် မည်မဟုတ်လော။
Ezekiel 6:10ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါ ထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ် ကြောင်းကို သိရကြလိမ့်မည်။
Ezekiel 21:7သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူ အပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်းအရည် ဖြစ်လိမ့်မည်။ အမှုလာ၍ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
Ezekiel 24:14ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။