ယေဇကျေလအနာဂတ္တိကျမ်း 33:20
သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင် ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 33
Cross References
Psalms 62:12အို ထာဝရဘုရား၊ ကိုယ်တော်သည် ကရုဏာနှင့် ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် လူအသီးအသီးတို့ အား သူတို့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
Ecclesiastes 12:14အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။
Ezekiel 18:29သို့သော်လည်း ဣသရေလအမျိုးက၊ ထာဝရ ဘုရားစီရင်ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသ ရေလအမျိုး၊ ငါစီရင်ချက်သည် ဖြောင့်၍၊ သင်တို့ စီရင်ချက်ကောက်သည် မဟုတ်လော။
Matthew 16:27လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
2 Corinthians 5:10အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
Revelation 22:12ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။