ယေဇကျေလအနာဂတ္တိကျမ်း 5:12
သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 5
Cross References
Leviticus 26:33သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။
Isaiah 1:24ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
Jeremiah 9:16သူတို့မသိ၊ ဘိုးဘေးမသိဘူးသော လူမျိုးတို့တွင် အရပ်ရပ်၌ ကွဲပြားစေမည်။ ရှင်းရှင်းမဖျက်ဆီးမှီတိုင် အောင်၊ သူတို့နောက်သို့ ထားဘေးကို စေလွှတ်မည်။
Jeremiah 15:2အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရ ပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန် သော သူတို့သည် သေခြင်းသို့၎င်း၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့၎င်း၊ ငတ်မွတ်တန်သော သူတို့သည် ငတ်မွတ်ခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန် သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့၎င်း ထွက် သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့ အား ဆင့်ဆိုလော့။
Jeremiah 21:9ဤမြို့ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသော သူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။
Jeremiah 42:22ထိုကြောင့် သင်တို့သည် သွား၍ တည်းခိုချင် သော အရပ်၌ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ် ကြလော့ဟု ယေရမိသည် ပြန်ပြောလေ၏။