ဧဇရမှတ်စာ 3:5
ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့ ၌၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့ ၌၎င်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သက္ကာကို ဆောင်ခဲ့သောသူ အသီးအသီးအဘို့ ပူဇော်ရသော ယဇ်တို့ကို ပူဇော်လျက်နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 29:38ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရသောအရာ ဟူမူကား၊ အခါမလည်သော သိုးသငယ် နှစ်ကောင်ကို ယူ၍၊
Leviticus 1:3နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
Numbers 28:3တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။
Numbers 28:14သွန်းလောင်းရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည် ခြောက်လောဃ၊ သိုးတကောင် နှင့် လေးလောဃ၊ သိုးသငယ်တကောင်နှင့် သုံးလောဃ ကို ပူဇော်ရမည်။ ထိုသို့ လတိုင်း အစဉ်မပြတ် မီးရှို့ရာ ယဇ်ကို ပူဇော်ရမည်။
Numbers 28:27ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည်။
Numbers 29:8ထိုနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။