The Bible Software
bible.software › ဟဗက္ကုတ်အနာဂတ္တိကျမ်း › ဟဗက္ကုတ်အနာဂတ္တိကျမ်း 2 › ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:13

ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:13

လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။

1835 Judson Burmese Bible

In The King James Version

Behold, is it not of the LORD of hosts that the people shall labour in the very fire, and the people shall weary themselves for very vanity?

In Context

12လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူ သည် အမင်္ဂလာရှိ၏။

14အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်း တော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။

Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 2

Cross References

Genesis 11:6ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။

Job 5:13ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။

Psalms 127:1ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။

Isaiah 41:5တကျွန်းတနိုင်ငံအရပ်တို့သည် မြင်၍ ကြောက် ကြ၏။ မြေကြီးစွန်းသားတို့သည် ထိတ်လန့်သော စိတ်နှင့် ချဉ်းကပ်၍ စုဝေးကြ၏။

Isaiah 55:2အစာမဟုတ်သောအရာအဘို့ သင်တို့ငွေကို၎င်း၊ အမွတ်မပြေနိုင်သောအရာအဘို့ သင်တို့ဥစ္စာကို၎င်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။

Jeremiah 51:64ဗာဗုလုန်မြို့သည် ဤသို့နစ်ရလိမ့်မည်။ ငါ ရောက်စေသော ဘေးဥပဒ်ထဲကနောက်တဖန် မထ မြောက်ရ။ မြို့သူမြို့သားတို့သည် အားကုန်လျက် နေရကြ လိမ့်မည်ဟု၊ မြွက်ဆိုရမည်အကြောင်းကို၊ ယေရမိသည် မှာထားလေ၏။ ဤရွေ့ကား၊ ယေရမိစကားပေတည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:12ဟဗက္ကုတ်အနာဂတ္တိကျမ်း 2ဟဗက္ကုတ်အနာဂတ္တိကျမ်း 2:14 →