Isaiah 16:11
ထို့ကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
Wherefore my bowels shall sound like an harp for Moab, and mine inward parts for Kir-haresh.
In Context
Cross References
Isaiah 21:3ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင် အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။
Jeremiah 4:19ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး ၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
Jeremiah 48:36ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက် မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ။
Philippians 2:1ထိုကြောင့်ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိဿ ဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင်၊