The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 4 › ယေရမိအနာဂတ္တိကျမ်း 4:19

ယေရမိအနာဂတ္တိကျမ်း 4:19

ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး ၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။

1835 Judson Burmese Bible

In The King James Version

My bowels, my bowels! I am pained at my very heart; my heart maketh a noise in me; I cannot hold my peace, because thou hast heard, O my soul, the sound of the trump, the alarm of war.

In Context

18သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့် တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသော စိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော် မူ၏။

20ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော် ရ၏။ တပြည်လုံးပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏခြင်း တွင် ပျက်စီးကြပြီ။ ငါ၏ကုလားကာတို့သည် ချက်ခြင်း ပျက်စီးကြပြီ။

Read all of ယေရမိအနာဂတ္တိကျမ်း 4

Cross References

Numbers 10:9သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။

2 Kings 4:19ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအား ပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။

Psalms 16:2ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူ သည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာသည်အကျွန်ုပ် ၌ မရှိပါ။

Psalms 103:1အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။

Psalms 119:53တရားတော်ကို စွန့်ပယ်သော အဓမ္မလူတို့ ကြောင့်၊ အကျွန်ုပ်၌ ပူလောင်သော စိတ်စွဲလန်းလျက် ရှိပါ၏။

Psalms 146:1အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုချီးမွမ်းလော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 4:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 4:18ယေရမိအနာဂတ္တိကျမ်း 4ယေရမိအနာဂတ္တိကျမ်း 4:20 →