Isaiah 20:1
အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 6:17ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။
2 Chronicles 26:6ထိုမင်းသည် စစ်ချီ၍ ဖိလိတ္တိလူတို့ကို တိုက် သဖြင့်၊ ဂါသမြို့ရိုး၊ ယာဗနေမြို့ရိုး၊ အာဇုတ်မြို့ရိုးတို့ကို ဖြိုဖျက်ပြီးမှ၊ အာဇုတ်မြို့ပတ်လည်၊ ဖိလိတ္တိပြည်အရပ် ရပ်၌ မြို့သစ်တို့ကို တည်ထောင်လေ၏။
Jeremiah 25:20ဥဇမင်းအပေါင်း၊ ဖိလိတ္တိမင်းအပေါင်း၊ အာရှ ကေလုန်ပြည်သား၊ ဂါဇပြည်သား၊ ဧကြုန်ပြည်သား၊ ကျန်ကြွင်းသော အာဇုတ်ပြည်သား၊
Amos 1:8အာဇုတ်မြို့သားတို့ကို၎င်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကို၎င်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကို လည်း တိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။