Isaiah 21:9
ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူ ရဲတပ်ကို မြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူ ကလည်း၊ ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တု ဆင်းတု ရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြ ပါသည်ဟု ထပ်၍ဆိုလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
8သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ်၍၊ တညဉ့်လုံး၌လည်း ကင်းစောင့် လျက်နေပါ၏။
Cross References
Isaiah 14:4သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသော သူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီကား။
Jeremiah 50:2လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။
Jeremiah 50:29လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။
Jeremiah 50:42လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။
Jeremiah 51:27ထိုပြည်၌အလံကိုထူကြလော့။ အပြည်ပြည်တို့၌ တံပိုးကိုမှုတ်၍၊ လူအမျိုးမျိုးတို့ကိုသူ၏ တဘက်၌ပြင်ဆင် ကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်၊ အာရှကေနတ်ပြည် တို့ကို သူ၏တဘက်၌ စည်းဝေးစေကြလော့။ ဗိုလ်ချုပ်မင်းကိုခန့်ထား၍၊ အမွေး ကြမ်းသော ကျိုင်းကောင်ကဲ့သို့ မြင်းစီးသူရဲတို့ကို စစ်ချီ စေကြလော့။
Jeremiah 51:47ထိုနောက်မှဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တု ဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန်ရောက်လိမ့်မည်။